ယနေ့ခေတ် ကမ္ဘာမှာတော့ Everything is Marketing အရာရာဟာ ဈေးကွက်ပညာလို့ ဆိုပါတယ်။ အောင်မြင်တိုးတက်မှုရဲ့ သဘောမှာ ဈေးကွက်ပညာများစွာ ပါဝင်နေပါလိမ့်မယ်။ စီးပွားရေးလောကသာမက၊ အနုပညာလောက၊ အောင်မြင်ရေးလောက၊ နိုင်ငံရေးလောက၊ လူမှုရေးလောက အရာရာမှာ ဈေးကွက်ပညာများစွာဟာ ပါဝင်ဆက်နွယ်မှုရှိတဲ့သဘောမှာရှိပါတယ်။
ဈေးကွက်ပညာရဲ့အခြေခံသဘောကတော့ မိမိဦးတည်ထားတဲ့ ဖောက်သည်၊ လူများဆီသို့ နည်းလမ်းတခုခုအသုံးပြုပြီး ချိတ်ဆက်ပေးခြင်းပင်ဖြစ်ပါတယ်။ Marketing ဆိုတာ ကြော်ငြာသက်သက်မဟုတ်ပဲ၊ အကြောင်းအရာတွေကို တနေရာမှ တနေရာ၊ လူတဦိးမှ တဦးဆီသို့ ရောက်ရှိစေအောင် နည်းလမ်းရှာချိတ်ဆက်ပေးခြင်းသဘောပင်ဖြစ်ပါတယ်။
ဈေးကွက်ပညာမှာ ဈေးကွက်အခြေအနေ၊ ဖောက်သည်တွေရဲ့ အနေအထား၊ ထုတ်ကုန်အရည်အသွေးတွေ၊ အရောင်းမဟာဗျူဟာတွေ၊ ထုတ်ကုန်ရဲ့ ဈေးနှုန်းတွေ၊ ၀န်ထမ်းတွေရဲ့ ၀န်ဆောင်မှုတွေ၊ ဈေးကွက်လည်ပတ်မှုပုံစံတွေ၊ မဟာဗျူဟာ ဖော်ဆောင်မှုတွေနဲ့ များစွာဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲနည်းတမျိုးပါပဲ။
လေ့လာမိသလောက် ဈေးကွက်ထိုးဖောက် ချိတ်ဆက်နိုင်တဲ့ နည်းလမ်း (၂၀) ကို တင်ပြသွားပါရစေ။ ဈေးကွက်ပညာ လေ့လာနေသူများအတွက် အနှစ်ချုပ်လေးဖြစ်ပါတယ်။
(၁) Person Marketing - အောင်မြင်နေသူများနှင့် အထင်ကြီးမှုဖြင့် လုပ်ငန်းမိတ်ဆက်ကြော်ငြာနိုင်ပါတယ်။
(၂) Content Marketing - အကြောင်းအရာ တခုခုကို လူစိတ်ဝင်စားအောင် တီထွင်ပြိး လုပ်ငန်းမိတ်ဆက်နိုင်ပါတယ်။
(၃) Event Marketing - ပွဲလမ်းသဘင် - အခမ်းအနားများတွင် ပါဝင်မိတ်ဆက်ပြီး လုပ်ငန်းကြော်ငြာနိုင်ပါတယ်။
(၄) Relationship Marketing - လုပ်ငန်းဆက်နွယ်သော တစုံတဦးနှင့် ဆက်သွယ်ပြီး လုပ်ငန်းများမိတ်ဆက်နိုင်ပါတယ်။
(၅) Case Marketing - လက်တလော လူကြိုက်များတဲ့ အကြောင်းအရာကို မှီပြီး လူစိတ်ဝင်စားအောင် ကြော်ငြာနိုင်ပါတယ်။
(၆) Online Marketing - တိုးတက်လာတဲ့ နည်းပညာကို အသုံးပြု ပြီး အွန်လိုင်များမှ မိတ်ဆက်ကြော်ငြာနိုင်ပါတယ်။
(၇) Promotional Marketing - အရောင်းအားမြင့်တင်မှု Discount များဖြင့် ဆွဲဆောင်ပြီး လုပ်ငန်းတိုးမြင့်ကြော်ငြာနိုင်ပါတယ်။
(၈) Print Media Marketing - လူအများဆီရောက်စေသော သတင်းမီဒီယာများအသုံးပြုပြီး မိတ်ဆက်ကြော်ငြာမှုများ ပြုလုပ်နိုင်ပါတယ်။
(၉) Pull & Push Marketing - ထုတ်ကုန်သို့ ဆွဲဆောင်မှု - တွန်းပို့မှု ပုံစံဖြင့် B2B - B2C ဈေးကွက်အဆင့်ဆင့် ထိုးဖောက်နိုင်ပါတယ်။
(၁၀) Place Marketing - လူအများရှိတဲ့ နေရာဒေသများကို ရွေးချယ်ပြီး ဈေးကွက် တန်ဖိုးမြင့်တင်ဆောင်ရွက်နိုင်ပါတယ်။
(၁၁) Blog Marketing - အမြဲတမ်းသုံး Website, Facebook များ တည်ဆောက်ပြီး အွန်လိုင်းမှ ပုံမှန်ဖော်ပြထားပြီး လုပ်ငန်းချိတ်ဆက်နိုင်ပါတယ်။
(၁၂) One-on-One Marketing - ဖောက်သည် တဦးချင်းစီသို့ ဆက်သွယ်ပြီး လုပ်ငန်းမိတ်ဆက်ကြော်ငြာမှုများပြုလုပ်နိုင်ပါတယ်။
(၁၃) Persuasive Marketing - စိတ်ဝင်စားလာအောင် လှုံ့ဆော်အားပေးမှုဖြင့် ဆွဲဆောင်ကြော်ငြာမှုများ ဆောင်ရွက်နိုင်ပါတယ်။
(၁၄) Comparative Marketing - တခြားလုပ်ငန်းများနှင့် အားသာချက်များကို နှိုင်းယှဉ်ဖော်ပြတဲ့ ကြော်ငြာပုံစံများ ဖန်တီးနိုင်ပါတယ်။
(၁၅) CSR Marketing - ပတ်ဝန်းကျင်တိုးတက်မှုသို့ လူမှုအကျိုးပြုမှု ပုံစံဖြင့် လုပ်ငန်းများတိုးမြင့် ဆောင်ရွက်နိုင်ပါတယ်။
(၁၆) Direct Marketing - ၀ယ်ယူလိုသူများ တိုက်ရိုက် ၀ယ်ယူသုံးစွဲနိုင်အောင် ဖန်တီးပြီး ဈေးကွက်ကို ကြားခံမလို တိုက်ရိုက်ဖန်တီးထားနိုင်ပါတယ်။
(၁၇) Corporate Marketing - လုပ်ငန်းမှာ ဆက်နွယ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လုပ်ငန်းတိုးမြင့်ဆောင်ရွက်နိုင်ပါတယ်။
(၁၈) Word of Mouth Marketing - ဖောက်သည်တဆင့်စကားတဆင့် ထောက်ခံမှုဖြင့် လုပ်ငန်းချိတ်ဆက်ကြော်ငြာမှုများ ဖန်တီးနိုင်ပါတယ်။
(၁၉) Marketing with Branding - ကုန်အမှတ်တံဆိပ်ကို နာမည်ကြီးအောင် တည်ဆောက်ပြီး လုပ်ငန်းတိုးမြင့်မှုများ ဆောင်ရွက်နိုင်ပါတယ်။
(၂၀) Marketing with Franchising - အခွင့်အလမ်းအလိုက် လုပ်ငန်းခွဲများ ထူထောင်ပြီး နေရာအနှံ့ ဈေးကွက်ချဲ့ထွင်မှုများကို ဖန်တီးနိုင်ပါတယ်။
>>> ဈေးကွက်ဖော်ဆောင်မှုအဆင့်ကို လေ့လာကြည့်ရင် ဦးစွာ Marketing ဖန်တီးရမှာဖြစ်ပြီး၊ Sale က နောက်မှ လိုက်ပြီး ရောင်းချရမှာဖြစ်သလို၊ Customer Service နဲ့ ရှေရှည် ဈေးကွက်တခု အောင်မြင်နိုင်အောင် ဖန်တီးရမှာဖြစ်ပါတယ်။
Marketing ပညာအပြင်၊ အရောင်းပညာ၊ ဖောက်သည်ဝန်ဆောင်မှု၊ ဆန်းသစ်တီထွင်မှုနဲ့အတူ ဈေးကွက်အမြင်များစွာ ပေါင်းစပ်ပြီး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများစွာကို တိုးတက်အောင်မြင်မှု ဖန်တီးစေပါလိမ့်မယ်။
ခေတ်ပြိုင်ဖြစ်လာတဲ့ ဈေးကွက်မှာ Marketing အတက်ပညာဟာ သင့်ရဲ့ လုပ်ငန်းတွေကို ဦးဆောင်အောင်မြင်စေပါလိမ့်မယ်၊ စီးပွားရေးပညာမှာ ဘာသာရပ်တခုတည်း လေ့လာပါဆိုလျှင် ကျွန်တော်ကတော့ (Marketing - ဈေးကွက်ဖော်ဆောင်တဲ့ ပညာ) ကို ရွေးချယ်မိပါလိမ့်မယ်။ ယနေ့ခေတ်အောင်မြင်နေသော အနုပညာရှင်တွေ၊ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းတွေ၊ အောင်မြင်တိုးတက် နာမည်ကြီးနေတဲ့ အရာအားလုံးရဲ့ နောက်ကွယ်မှာ Marketing ရဲ့ ဖန်တီးပေးခြင်းသာဖြစ်ပါလိမ့်မယ်။
သင်ဟာ တနေ့မှာ အောင်မြင်တိုးတက်သော - စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦးနဲ့၊ လုပ်ငန်းနာမည်တခုကို အောင်မြင်စွာ တည်ဆောက်ပြီး Marketing Professional ဖြစ်ချင်တယ်ဆိုရင်တော့ - အထက်မှာ ဖော်ပြထားတဲ့ Marketing အတက်ပညာတွေကို မျှဝေပေးပါရစေ >>>
အနာဂတ်မှာ တိုးတက်လာတဲ့ စီးပွားရေးအခွင့်အလမ်းတွေနဲ့အတူ သင့်ရဲ့ အောင်မြင်မှုအတွက် Marketing အတက်ပညာကို ရင်းနှီးမြုပ်နှံထားပါ၊ အနာဂတ်မှာ သင် ဘယ်စီးပွားရေးပဲ လုပ်လုပ်ပါ Marketing ဟာ အဓိက အက္ခရာပါပဲ။
သင့်ရဲ့ လုပ်ငန်းမှာ ကျွန်တော် အပေါ်မှာ ဖော်ပြသွားတဲ့ Marketing Ways နည်းလမ်း (၂၀) ဟာ လက်တွေ့ကြိုးစားပြီးတဲ့ တနေ့မှာ သင်ဟာ နေရာတခုမှာ၊ နယ်ပယ်တခုမှာ၊ ဈေးကွက်တခုမှာ အောင်မြင်မှုရရှိနေမှာ အသေအချာပါပဲ။
MESI Institute
No comments:
Post a Comment