သူငယ်ချင်းမိတ်ဆွေတွေကို အခု internet တွေသုံးတော့ speed တွေ မှာ Mbps ဆိုတဲ့အကြောင်းကို ရှင်းပြပါမယ်။
ကွန်ပြူတာလောကမှာ data တွေရဲ့ size ကို bit တွေ byte တွေနဲ့ ဖေါ်ပြနိုင်ပါတယ်။ ဒီတော့ Bit နဲ့ Byte ကွဲဖို့ လိုပါတယ်။
ကွန်ပြူတာလောကမှာ data တွေရဲ့ size ကို bit တွေ byte တွေနဲ့ ဖေါ်ပြနိုင်ပါတယ်။ ဒီတော့ Bit နဲ့ Byte ကွဲဖို့ လိုပါတယ်။
Computer ရဲ့ အခြေခံမှာ 0 နဲ့ 1 ပဲ ရှိပါတယ်။ ကွန်ပြူတာဟာ လူလို မဟုတ်တဲ့အတွက် သူ့ရဲ့ အခြေခံအကျဆုံး မှတ်နည်းဟာ YES or NO ပဲ ရှိပါတယ်။ လျှပ်စစ်လိုင်းလေး တစ်လိုင်းကို လျှစ်စစ်ဖြတ်စီးမနေဘူးဆို 0 ဖြစ်ပြီး လျှစ်စစ် စီးသွားမယ်ဆို 1 ပါ။ ခလုပ်ပိတ်ထားမယ်ဆို 0 ဖြစ်ပြီး ခလုပ်ဖွင့်ထားမယ်ဆို 1 ပါ။ data မှတ်စရာ အကွက်လေး တစ်ကွက်မှာ ဘာမှ မရှိရင် 0 ဖြစ်ပြီး တစ်ခုခုအနေနဲ့ရှိရင် 1 ပါ။
ဒီလို 0 သို့မဟုတ် 1 ဆိုပြီး နေရာတစ်နေရာ၊ အမှတ်တစ်ခုဖြစ်သွားတာကို bit တစ်ခုလို့ သတ်မှတ်ပါတယ်။
ကွန်ပြူတာက 0 နဲ့ 1 ဆိုပြီးပဲ ရေတွက်တတ်တဲ့အတွက် 1ထက်များတဲ့ တန်ဖိုးတွေအကုန်လုံးကို base 2 တွက်ချက်ပုံနဲ့ မှတ်သားပါတယ်။ ငယ်ငယ်တုန်းက သချာင်္မှာ အခြေ ၂ နဲ့ တွက်ချက်တာကို မှတ်မိမယ် ထင်ပါတယ်။
0 = 0
1 = 1
2 = 10
3 = 11
4 = 100
5 = 101 စသဖြင့်ပေါ့
1 = 1
2 = 10
3 = 11
4 = 100
5 = 101 စသဖြင့်ပေါ့
ကွန်ပြူတာက ဒီပုံဒီနည်းနဲ့ အရာအားလုံးကို 0 နဲ့ 1 ပါတဲ့ ကိန်းစဉ်တစ်ခုအဖြစ်ပြောင်းလဲပြီး မှတ်သားပါတယ်။
ဒီတော့ ခုနက 0 သို့မဟုတ် 1 ဆိုပြီး မှတ်သားလို့ရတဲ့ နေရာလေး ၈ နေရာရှိရင် 1 1 1 1 1 1 1 1 အထိ မှတ်လို့ရပါတယ်။ ဒါဆို 2 power 8 ( ၂ ၈ထပ် ) အနေနဲ့ စာလုံး ၂၅၆ လုံးကို မှတ်သားလို့ရနိုင်ပါတယ်။ အစ ပထမဆုံး 0 ကို ဖယ်လိုက်ရင် ၂၅၅လုံး ပါ။
ဒီလို bit နေရာလေး ၈ ခုပါတဲ့ အတွဲ တစ်တွဲကို 1 byte လို့ သတ်မှတ်ပါတယ်။ ကွန်ပြူတာ နည်းပညာတွေရဲအစမှာ 1 byte ဟာ တော်တော်များများ သင်္ကေတတွေကို မှတ်သားနိုင်ပါတယ်။ A,B,C,D တွေ ? ! @ စတာတွေအကုန်လုံးလဲ မှတ်လို့ လောက်ပါတယ်။ ဥပမာ မှတ်သားပုံတွေ အနေနဲ့ဆိုရင်
A = 65 = 100 0001
a = 97 = 110 0001
? = 63 = 11 111 ပါ
ဆိုလိုတာက A အကြီးဆိုရင် နံပါတ် 65 အနေနဲ့ မှတ်ထားပြီး ကွန်ပြူတာအနေနဲ့ 100 0001 ဆိုပြီး မှတ်ထားပါတယ်။ a အသေးဆိုရင် နံပါတ် 97 ဖြစ်ပြီး ကွန်ပြူတာက 110 0001 မှတ်ပါတယ်။? ဟာ 63 ဖြစ်ပြီး 11 111 ဖြစ်ပါတယ်။ ဒီတော့ ခုနက 8 bit ဆိုတဲ့ 0 သို့မဟုတ် 1 မှတ်လို့ရတဲ့ နေရာ ၈ခုတွဲ တစ်ခုဟာ keyboard က ရှိသမျှ အက္ခရာ ဂဏန်း အကုန်လုံးကို မှတ်သားဖို့ အဆင်ပြေပါတယ်။
a = 97 = 110 0001
? = 63 = 11 111 ပါ
ဆိုလိုတာက A အကြီးဆိုရင် နံပါတ် 65 အနေနဲ့ မှတ်ထားပြီး ကွန်ပြူတာအနေနဲ့ 100 0001 ဆိုပြီး မှတ်ထားပါတယ်။ a အသေးဆိုရင် နံပါတ် 97 ဖြစ်ပြီး ကွန်ပြူတာက 110 0001 မှတ်ပါတယ်။? ဟာ 63 ဖြစ်ပြီး 11 111 ဖြစ်ပါတယ်။ ဒီတော့ ခုနက 8 bit ဆိုတဲ့ 0 သို့မဟုတ် 1 မှတ်လို့ရတဲ့ နေရာ ၈ခုတွဲ တစ်ခုဟာ keyboard က ရှိသမျှ အက္ခရာ ဂဏန်း အကုန်လုံးကို မှတ်သားဖို့ အဆင်ပြေပါတယ်။
ဒီအတွက် အခြေခံ ဂဏန်း (သို့) သင်္ကေတ ( သို့ ) စာတစ်လုံး မှတ်လို့ရတဲ့ နေရာကို 8 bit လို့သတ်မှတ်ပြီး 1 byte လို့ ခေါ်ပါတယ်။ bit ကို အတိုကောက် ယူနစ်အဖြစ် ရေးချင်ရင် b ( အသေး ) နဲ့ ရေးပြီး byte ကို တော့ B ( အကြီး ) နဲ့ ရေးပါတယ်။
8 bit = 1 byte ပါ
8 b = 1B
8 b = 1B
နောက်ထပ် တစ်ဆင့် သိဖို့လိုတာကတော့ ယူနစ်တစ်ထောင် အပြောင်းဖြစ်ပါတယ်။ လူတွေ သိတဲ့ kilo ဆိုတာဟာ 1,000 ပါပဲ။ ဒါပေမယ့် computer မှာတော့ kilo ဟာ 1,024 ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ computer ဟာ လူလို့ တစ်ထောင်ဆိုတာကို နားမလည်တဲ့အတွက် သူ့အတွက် ၁၀၀၀ ဟာ 2 power 10 ပါ ။
2 x 2 = 4
2 x 2 x 2 = 8
2 x 2 x 2 x 2 = 16
2 x 2 x 2 x 2 x 2 = 32
ဆိုပြီး ၂ဆစီ ပွားလာရာမှာ ၂ ဆယ်ထပ်ဆိုရင် 1,024 ရပါတယ်။ ဒါ့ကြောင့် computer ရဲ့ kilo ဟာ တစ်ထောင် ကွက်တိမဟုတ်ပဲ ၁၀၂၄ ဖြစ်နေပါတယ်။
2 x 2 = 4
2 x 2 x 2 = 8
2 x 2 x 2 x 2 = 16
2 x 2 x 2 x 2 x 2 = 32
ဆိုပြီး ၂ဆစီ ပွားလာရာမှာ ၂ ဆယ်ထပ်ဆိုရင် 1,024 ရပါတယ်။ ဒါ့ကြောင့် computer ရဲ့ kilo ဟာ တစ်ထောင် ကွက်တိမဟုတ်ပဲ ၁၀၂၄ ဖြစ်နေပါတယ်။
ဒါဟာ ဘယ်မှာ သိနိုင်လဲ ဆိုရင် 1GB ဆိုတဲ့ memory card or SD card ဆိုရင် တကယ် computer မှာ ကြည့်လိုက်တဲ့အခါ 0.93 GB ဖြစ်နေတာမျိုး၊ 2TB ဆိုတဲ့ hard drive ကို computer မှာ 1.86 TB ပဲ ပြနေတာ မျိုး တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒါဟာ လူက သိတဲ့ 1,000 ကို ကွန်ပြူတာအနေဲ့ 1024 ဆိုပြီး အစွန်းထွက် 24 ပိုပို တွက်ရင်းကနေ ဖြစ်သွားတာပါ။
kilo တွေ mega တွေ နဲ့ မရင်းနှီးသေးဘူးဆိုရင် –
၁ ကီလို ဆိုတာ ၁၀၀၀ ပါ။ သင်္ကေတနဲ့ ဆို 1K ပါ။ တစ်ထောင် K ဆိုရင် 1mega ( 1M ) ပါ။ တစ်ထောင် M ဆိုရင် 1 giga ( 1G ) ပါ။ တစ်ထောင် G ဆိုရင် 1 tera ( 1T ) ပါ။ အဆတစ်ထောင် တိုးတိုင်း ယူနစ်တစ်ခု
ပြောင်းပါတယ်။ ယူနစ်ကိုလည်း စာလုံး အကြီးနဲ့ အတိုကောက် ရေးပါတယ်။
၁ ကီလို ဆိုတာ ၁၀၀၀ ပါ။ သင်္ကေတနဲ့ ဆို 1K ပါ။ တစ်ထောင် K ဆိုရင် 1mega ( 1M ) ပါ။ တစ်ထောင် M ဆိုရင် 1 giga ( 1G ) ပါ။ တစ်ထောင် G ဆိုရင် 1 tera ( 1T ) ပါ။ အဆတစ်ထောင် တိုးတိုင်း ယူနစ်တစ်ခု
ပြောင်းပါတယ်။ ယူနစ်ကိုလည်း စာလုံး အကြီးနဲ့ အတိုကောက် ရေးပါတယ်။
အိုကေ…
ဒါဆိုရင် စစခြင်းပြောတဲ့ internet speed အကြောင်း ပြန်သွားရအောင်။
Network speed တွေကို တိုင်းတာ ရာမှာ bit ကိုပဲ သုံးပါတယ်။ ဒါပေမယ့် လူတွေ သိနေတဲ့ file size တွေက byte နဲ့ပါ။ ဒီမှာ ဒီ၂ခု မတူတာကို သတိမထားမိပဲ ခဏခဏ အငြင်းပွားနေတာဖြစ်ပါတယ်။ ခုန က ပြောခဲ့တာတွေကို ပြန်ဆက်စပ်ပြီး ပြောရရင် –
8b ( 8 bit ) = 1B ( 1 byte )
8 Mb ( 8 megabit ) = 1 MB ( 1 megabyte ) ပါ
8 Mb ( 8 megabit ) = 1 MB ( 1 megabyte ) ပါ
network တွေ internet တွေ ရဲ့ speed ဆိုတဲ့ အတွက် ၁စက္ကန့်မှာ ဘယ်လောက် ရလဲဆိုပြီး ခေါ်ကြပါတယ်။ ဒီတော့ 8Mbps ဆိုတာက 8 megabit per second ကို အတိုကောက် ရေးတာပါ။ 8Mb/s ဆိုပြီးလဲ ရေးပါတယ်။
8 Mbps = 1 MBps
ဒီတော့ 8 Mbps လိုင်းနဲ့ ဒေါင်းလုပ်ဆွဲမယ်ဆိုရင် ၁စက္ကန့်ကို 1MB ရပါတယ်။ 100 MB ရှိတဲ့ video file တစ်ခုကို ဆွဲမယ်ဆိုရင် စက္ကန့် ၁၀၀ ကြာပါမယ်။ တကယ်တော့ အခု ရောင်းနေကြတဲ့ internet လိုင်းတွေမှာ 8Mbps ဆိုတာ တော်တော်များပါတယ်။ ဒီတော့ ပုံမှန် တွေ့နေကြ လိုင်း လေးတွေနဲ့ဆိုရင် download speed ဘယ်လောက် ရမလဲ ကြည့်ကြရအောင်။
8Mbps = 1MBps
4Mbps = 512KBps ( 1 MB မှာ 1024 KB ရှိတာကို သတိရပါ )
2Mbps = 256KBps
1Mbps = 128 KBps
512Kbps = 64 KBps
ဆိုပြီး ရပါမယ်။
4Mbps = 512KBps ( 1 MB မှာ 1024 KB ရှိတာကို သတိရပါ )
2Mbps = 256KBps
1Mbps = 128 KBps
512Kbps = 64 KBps
ဆိုပြီး ရပါမယ်။
ဒါဆို ကိုယ့်အိမ်မှာ 1မတ် လိုင်း တပ်ပြီဟေ့ ဆိုရင် တကယ်ကိုယ် download ဆွဲတဲ့အခါကျရင် အများဆုံး 128 KB/s ရပါမယ်။ 1MB ရဖို့ ၈ စက္ကန့် ဆွဲရပါမယ် ။ 100MB ရှိတဲ့ music video လေး တစ်ခု ဆွဲမယ်ဆိုရင် စက္ကန့် ၈၀၀ ( သို့ ) ၁၃မိနစ်ကျော် ကြာပါမယ်။ 1GB ရှိတဲ့ ဇာတ်လမ်း တစ်ပုဒ်ဆိုရင် စက္ကန့် ၈၀၀၀ (သို့ ) ၂နာရီကျော်ကျော် ဆွဲရပါမယ်။ ဒါဟာ အမြဲတမ်း လိုင်းက အပြည့်ဆုံး အကောင်းဆုံး တက်ပြီလို့ ယူဆမှပါ ။လိုင်းအပြည့်မရရင် ဒီ့ထက် ပိုကြာပါမယ်။
ဒါဆို ကိုယ်ယူမယ့် internet လိုင်းနဲ့ ကိုယ်သုံးမယ့် အခြေအနေ၊ ကိုယ် download speed ရချင်တဲ့ အခြေအနေနဲ့ တွက်တက်ပြီ ထင်ပါတယ်။ တော်တော်များများက 2 မတ်လိုင်း တပ်လိုက်တယ်၊ ဒါပေမယ့် download ဆွဲတော့ 200 kilo ကျော်ပဲ တက်တယ်၊ အဲ့ဒါဘာလို့လဲ ဆိုပြီး မေးမေးနေကြလို့ပါ။ အလွယ်သိချင်ရင်တော့ Mbps နဲ့ တပ်ထားတဲ့ လိုင်းဆိုရင် ၈ နဲ့ စားလိုက်ရင် download speed ရပါတယ်။
နောက်ဆုံး အနေနဲ့ အချုပ်ပြောချင်တာက bit နဲ့ byte ၈ ဆ ကွာပါတယ်။
8 b = 1 B
ပါ။
B အကြီးနဲ့ b အသေးနဲ့လဲ ကွဲကြပါစေ။
8 b = 1 B
ပါ။
B အကြီးနဲ့ b အသေးနဲ့လဲ ကွဲကြပါစေ။
No comments:
Post a Comment