ရှမ်းတောင်တန်းများပေါ်မှ မြို့နယ်တစ်ခုဖြစ်သည့် နမ္မတူမြို့သည် တစ်ခါက ကမ္ဘာပေါ်တွင် ခဲနှင့်ငွေသတ္တုများ အများဆုံး ထုတ်လုပ်သည့်နေရာများတွင် ပါဝင်ခဲ့သည်။ ယခုအခါတွင်မူ ၎င်းအတိတ်သမိုင်းကို ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများအား မျှဝေလျက်ရှိသည်။
ကျော်လင်းထွန်း ရေးသားသည်။
တောင်တန်းများအောက်ခြေရှိ လယ်ကွင်းများ၏အစွန်တွင် အလေ့ကျပေါက်ရောက်နေသော နေကြာပန်းပင်များက နမ္မတူမြို့နယ်သို့ စတင်ဝင်ရောက်လာသူများကို ဆီးကြိုနေကြသည်။ လားရှိုးမြို့မှ နှစ်နာရီခန့် ကားစီးလာပါက နမ္မတူမြို့သို့ ရောက်ရှိမည်ဖြစ်သည်။
အတိတ်ကာလတစ်ခုကမူ ထိုမြို့နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအများဆုံး မြို့များထဲတွင် ပါဝင်ခဲ့သည်။ နမ္မတူနှင့် ဘော်တွင်းသတ္တုတွင်းများကြောင့် ကျော်ကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်