မင်္ဂလာပါ TRAVEL AGENCY.MM မှကြိုဆိုပါတယ် နည်းပညာ၊ ဗဟုသုတ၊ ခရီးလမ်းညွှန်၊ ရသ၊ စာပေ အထွေထွေတို့ကို မျှဝေပေးလျှက်ပါ..... travelagency.kyz@gmail.com သို့စာမူပို့ပေးနိုင်ပါတယ်

Saturday, 2 November 2019

ကမ္ဘာပေါ်က မြင်နေကျမဟုတ်တဲ့ ဘောလုံးကွင်း ၈ ကွင်း

ကမ္ဘာပေါ်က မြင်နေကျမဟုတ်တဲ့ ဘောလုံးကွင်း ၈ ကွင်း

ဒီတစ်ခါတော့ တမူထူးခြားတဲ့ ဘောလုံးကွင်း ၈ ကွင်းရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။

၈။ Henningsvæ stadium

ဒီ အဆင့်မီဘောလုံးကွင်းဟာ နော်ဝေးနိုင်ငံ Austvågøya ကမ်းရိုးတန်းရဲ့တောင်ပိုင်းမှာရှိတဲ့ ကျွန်းငယ်လေး Henningsvær ပေါ်မှာ တည်ရှိပါတယ်။ ဒီကျွန်းငယ်လေးဟာ တံငါရွာလေးတစ်ရွာလည်း ဖြစ်ပြီးလူပေါင်း ၅၀၀ ဝန်းကျင်သာနေထိုင်ပါတယ်။ ဘောလုံးကွင်းရဲ့ ဘေးပတ်ပတ်လည်မှာ ပင်လယ်ကြီးသာ ရှိတာကြောင့် ဒီနေရာမှာ ကစားတဲ့ဘောလုံးသမားတွေအတွက်တော့ ပုံမှန်နဲ့မတူနဲ့ ခံစားမှုမျိုးကို ရရှိစေမှာဖြစ်ပါတယ်။

၇။ Ottmar Hitzfeld Stadium

ဒီဘောလုံးကွင်းကတော့ ဆွစ်ဇာလန်နိုင်ငံ Gspon ရွာ တောင်ကုန်းပေါ်မှာ ရှိတဲ့ဘောလုံးကွင်းပါ။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀မှာ တည်ရှိနေတာဖြစ်ပြီး Ottmar Hitzfeld ဘောလုံးကွင်းလို့ခေါ်ပါတယ်။ ဒီကွင်းဟာ ဆွစ်ဇာလန်အပျော်တမ်းဘောလုံးကလပ်တစ်ခုဖြစ်တဲ့ FC Gspon ရဲ့ အိမ်ကွင်းဖြစ်ပြီး တောင်ကုန်းပေါ်မှာရှိတာကြောင့် ဘောလုံးအပြင်ကို ထွက်မသွားစေရန် မြင့်မားတဲ့ ပိုက်ကွန်နဲ့ ကာရံထားပါတယ်။

၆။  Football field in  La Paz

ဒီဘောလုံးကွင်းကတော့ တောင်အမေရိက ဘိုလီဗီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်  La Paz မှာ တည်ရှိနေပါတယ်။ ဒီဘောလုံးကွင်းကတော့ ပရော်ဖက်ရှင်နယ်ဘောလုံးကွင်းတစ်ခု မဟုတ်ပဲ ဒေသခံတွေအချင်းချင်းကစားလေ့ရှိတဲ့ ဘောလုံးကွင်းသာ ဖြစ်ပါတယ်။ ထူးထူးခြားခြား အဆောက်အဦးတွေကြားထဲမှာ တည်ရှိနေတဲ့ ဒီဘောလုံးကွင်းမှာ ကန်မယ်ဆိုရင်တော့ အတားအဆီးမရှိတာကြောင့် ဘောလုံးကိုတော့ မကြာခဏလိုက်ကောက်ရမှာ ဖြစ်ပါတယ်။

၅။  Floating pitch at Ko Panyi

ရေပြင်ထဲမှာ တည်ဆောက်ထားတဲ့ ဒီဘောလုံးကွင်းကတော့ ထိုင်းနိုင်ငံ Phang Nga ပြည်နယ်က ငါးဖမ်းကျေးရွာလေးဖြစ်တဲ့ Ko Panyi မှာ တည်ရှိနေတာပါ။ ဒီဘောလုံးကွင်းဖြစ်ပေါ်လာပုံကတော့ ၁၉၈၆ခုနှစ် ကမ္ဘာ့ဖလားနဲ့ သက်ဆိုင်နေပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို တီဗီကကြည့်ပြီး ဒီရွာက ဘောလုံးအရမ်းကန်ချင်နေတဲ့ ကလေးငယ်တစ်ခုဟာ နေရာမရှိတာကြောင့် ကစားခွင့်မရခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သူတို့ဟာ အကြံတစ်ခုရပြီး စွန့်ပစ်ပစ္စည်းတွေ ၊ သစ် ၊ ဝါး တွေကို ဖောင်ကဲ့သို့တည်ဆောက်ပြီး လက်ဖြစ် ရေပေါ်ဘောလုံးကွင်းတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ ဘောလုံးကွင်းကြမ်းပြင်က သစ်သားတွေဖြစ်တာကြောင့် မကြာခဏ ထိခိုက်ဒါဏ်ရာရမှုတွေရှိခဲ့သလို လူကြီးတွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပေမယ့် သူတို့ရဲ့ဝါသနာကို ရပ်တန့်လို့မရခဲ့ပါဘူး။ နောက်ပိုင်းမှာ ရွာက လူကြီးတွေကပါ အားပေးလာတဲ့အတွက် ဘောလုံးကွင်းကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့သလို အခြားအသင်းတွေနဲ့ပါ လိုက်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Ko Panyi ဘောလုံးအသင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ချန်ပီယံ ၆ကြိမ်ရခဲ့ပြီး အောင်မြင်တဲ့ လူငယ်ဘောလုံးအသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ သူတို့ရဲ့အကြောင်းကို TMB Bank က ဗီဒီယိုဇာတ်လမ်းတိုလေး ရိုက်ကူးခဲ့ပါတယ်။ စိတ်ဝင်စားရင် အောက်မှာ ကြည့်နိုင်ပါတယ်။

၄။ Adidas Futsal Park

ဒီကွင်းကတော့ ရိုးရိုးဘောလုံးကွင်းမဟုတ်ပဲ ဖူဆယ်ဘောလုံးကွင်းတစ်ကွင်းဖြစ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တည်ရှိနေတာပါ။ အထူးရပ်ကွက်တစ်ခုဖြစ်တဲ့ Shibuya ရပ်ကွက်က အထပ် ၁၀ ထပ်မြင့်တဲ့ Tokyu Toyoko စတိုးရဲ့ ခေါင်မိုးပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒီကွင်းကို ၂၀၀၁ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဈေးကြီးတဲ့ကွင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုံမှန်အချိန်မှာ ၁နာရီကို ဒေါ်လာ ၅၀ ခန့်သာ ရှိတတ်ပေမယ့် ဆော့ချင်သူအရမ်းများတဲ့အချိန်မျိုးမှာတော့ ၁နာရီခွဲကို ဒေါ်လာ ၁၈၀ခန့် ကျသင့်ပါတယ်။ တိုက်ခေါင်မိုးပေါ်မှာရှိတာကြောင့် တစ်မြို့လုံးကို ၂၇၀ဒီဂရီ ပတ်ကြည့်နိုင်ပါတယ်။

၃။ The Float at Marina Bay

စင်ကာပူကလူတွေကတော့ Marina Bay မှာတည်ရှိတဲ့ ဒီဘောလုံးကွင်းကို သိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်းကို ၂၀၀၇ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စင်ကာပူအမျိုးသားဘောလုံးအသင်း ဘောလုံးကွင်းတည်ဆောက်နေချိန်မှာ ယာယီအသုံးပြုခဲ့ပါတယ်။ ရေပြင်ပေါ်မှာ တည်ဆောက်ခဲ့သမျှဘောလုံးကွင်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး လူပေါင်း ၉ထောင်ခန့်ကို တင်ဆောင်နိုင်တဲ့အထိ ခိုင်ခန့်ပါတယ်။ ဒါအပြင် လူပေါင်း ၃သောင်းခန့်ဆန့်တဲ့ ပွဲကြည့်စင်ကိုလည်း ဘောလုံးကွင်းရဲ့ဘေးမှာ တည်ဆောက်ထားပါသေးတယ်။

၂။ Football Field in Tasiilaq

ဒီဘောလုံးကွင်းကတော့ ဂရင်းလန်ကျွန်း အရှေ့တောင်ပိုင်းက Tasiilaq မြို့မှာတည်ရှိနေပါတယ်။ Tasiilaq မြို့ဟာ ဂရင်းလန်ရဲ့ ၇ခုမြောက် အကြီးဆုံးမြို့ပေမယ့် လူဦးရေကတော့ ၂၀၀၀ခန့်ပဲ ရှိပါတယ်။ ဒီဘောလုံးကွင်းကိုတော့ ၁၉၆၀ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ ဘောလုံးကွင်းဘေးနားက ခဲလုနီးပါးဖြစ်နေတဲ့ ရေပြင် နဲ့ ဆီနှင်းတွေကို ကြည့်တာနဲ့တင် ဒီနေရာဟာ ဘယ်လောက်အေးမှန်း ခန့်မှန်းနိုင်ပါတယ်။ အပူချိန် အနုတ် ၁၂ဒီဂရီအထိရှိတတ်တာကြောင့် ဒီကဘောလုံးသမားအများစုဟာ အင်္ကျီ ဘောင်းဘီ အရှည်တွေကိုသာ ဝတ်ဆင်ကစားလေ့ရှိပါတယ်။

၁။ Forest Soccer Field

ဘောလုံးကွင်းတွေထဲမှာ အထူးခြားဆုံး နဲ့ အလှဆုံးဘောလုံးကွင်းလို့ ဆိုရပါမယ်။ ရုရှားနိုင်ငံ မော်စကိုမြို့  Meschersky park က  တောအုပ်တစ်ခုထဲမှာ တည်ဆောက်ထားတဲ့ ဘောလုံးကွင်းဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကွင်းတစ်ခုတော့ မဟုတ်ပဲ အပျော်တမ်းဘောလုံးအသင်းတွေ လာရောက်ကစားလေ့ရှိတဲ့ ကွင်းတစ်ခုသာ ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ကိုယ်တိုင် ဂိုဂဲမတ်ကနေ ကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့် http://www.google.ru/maps/@55.670928,37.4015211,19z/data=!3m1!1e3 ကို နှိပ်ကာ သွားကြည့်နိုင်ပါတယ်။
သုတဇုန်က မျှဝေတဲ့ ဒီလိုဗဟုသုတတွေကို စိတ်ဝင်စားလို့ တင်သမျှပိုစ့်တိုင်းကို မလွတ်တမ်းဖတ်ချင်ရင် သုတဇုန် App ကို ဒီလင့်(ဒီနေရာကိုနှိပ်ပါ) ကနေ ရယူပြီး မိတ်ဆွေရဲ့ဖုန်းထဲကို သွင်းထားနိုင်ပါတယ်။
ခုလိုအားပေးတဲ့အတွ​က် အထူး​ကျေး​ဇူးတင်ပါ​တ​ယ်... လို​အပ်တာများ​ရှိ​ပါ​က..travelagency.kyz@gmail.com နဲ့ C-Box မှာြေ​ပာ​ခဲ့ြ​က​နိုင်ပါ​တ​ယ်...{ ဒီ​မှာ }သွားလိုက်ပါ

No comments:

Post a Comment

Popular Posts