မင်္ဂလာပါ TRAVEL AGENCY.MM မှကြိုဆိုပါတယ် နည်းပညာ၊ ဗဟုသုတ၊ ခရီးလမ်းညွှန်၊ ရသ၊ စာပေ အထွေထွေတို့ကို မျှဝေပေးလျှက်ပါ..... travelagency.kyz@gmail.com သို့စာမူပို့ပေးနိုင်ပါတယ်

Tuesday, 5 November 2019

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကပြုလုပ်သော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကပြုလုပ်သော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျင်းပသွားမည်ဟု သိရသည်။
“ကျွန်တော်တို့ ယဉ်ကျေးမှုဗဟိုက ခန္တီးမှာ လုပ်မှာပါ။ နှစ် ၃၀ ပြည့်ပုလဲရတု။ ဒီနှစ်တော့ ခန္တီးမှာတစ်ပွဲ၊ လဟယ်မှာတစ်ပွဲ ဖြစ်သွားမှာပေါ့။ ခန္တီးမှာတော့ နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှု ( ဗဟို ) ကပဲ ဦးဆောင်မှာပါ။ခန္တီးပွဲကလည်း ၁၄၊ ၁၅၊ ၁၆ ပါ။ လဟယ်ပွဲကတော့ ဒေသဦးစီးက လုပ်မယ်လို့ ပြောတယ်။ ကျွန်တော်တို့ ခန္တီးမှာတော့ မြို့နယ်အားလုံး လာမယ်။ ရွာတွေက အကတွေလည်း အကုန်ပါတယ်။ အကအဖွဲ့တော့ ဒီမှာပိုများမလား မသိဘူး။ အစီအစဉ်အရတော့ ဒီမှာပိုများမယ် ထင်တာပဲ။ အဓိက ဒီပွဲလုပ်ဖို့ အရင်ကတည်းက ပြောပြီးသား။၂၀၂၀ မှာ နှစ် ၃၀ ပြည့် ရှိတယ်ဆိုတာ ဒေသဦးစီးအဖွဲ့ကို၂၀၁၇၊၂၀၁၈၊ ၂၀၁၉ အစည်းဝေးပွဲတွေမှာကို ပြောခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးယန္တရားအရ လဟယ်မှာ လုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့က အရင်ကပေါင်းစပ်တယ် ပေါင်းစပ်လိုက်ပြီးတော့ ဒီဟာကို မလိုက်ခဲ့ဘူး။ ပေါင်းစပ်မှုကို လက်မခံဘူး။ အဲဒါဆိုတော့ နှစ်နေရာဖြစ် သွားတာပေါ့။ ကျွန်တော်တို့က ယဉ်ကျေးမှုပွဲကို ယဉ်ကျေးမှုက ဦးဆောင်တဲ့ပွဲကိုပဲ ယဉ်ကျေးမှု အနှစ်သာရတွေနဲ့ ဘယ်အစိုးရတက်လာတက်လာ ဒါကိုဇောင်းပေးလုပ်ဖို့တော့လိုတယ်။ ယနေ့အချိန်အထိတော့ တက်လာတဲ့ အစိုးရတိုင်းက အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ဆုပ်ကိုင်ပြီးတော့ ဒါကိုလုပ်ချင်တာကိုတော့ ယနေ့အချိန်အထိ မြင်တွေ့နေရဆဲပါပဲ” ဟု နာဂစာပေနှင့် ယဉ်ကျေးမှု ( ဗဟို) မှ ဦးအောင်ထွဋ်က ပြောကြားသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်များကို ၁၉၉၃ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လဟယ်မြို့၊လေရှီးမြို့၊ နန်းယွန်းမြို့များတွင် အလှည့်ကျ ကျင်းပခဲ့သည်ဟု သိရသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်များကို ယခင်ကကျေးရွာအလိုက် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် နာဂမျိုးနွယ်စု အကြီးအကဲများက နှစ်စဉ် ဇန်နဝါရီ ၁၅ရက်ကို နာဂရိုးရာ နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဒီနှစ် နာဂရိုးရာပွဲတော်ကို လဟယ်မှာ ကျင်းပမှာပါ။ ခန္တီးမှာလည်း ယဉ်ကျေးမှုက လုပ်မယ်ပြောတယ်။ ကျွန်တော်တို့ နာဂဦးစီး အဖွဲ့ကတော့ လဟယ်မှာလုပ်မယ်။ နှစ်နေရာ ကျင်းပမှာပေါ့။ တစ်နေရာတည်းဖြစ်အောင် ညှိပါတယ်။ ကျွန်တော်တို့ကလည်း တစ်နေရာတည်း ဖြစ်ချင်တာပေါ့။ နှစ်နေရာဆိုရင် စိတ်ဝမ်းကွဲသလို ဖြစ်နေမှာပေါ့။ သူတို့ကလည်း နှစ် ၃၀ ပြည့်မဖြစ်မနေလုပ်ရမှာဆို တော့ရပါတယ်လို့။ ပွဲတော်ကနှစ်နေရာ လုပ်ရင်လည်း ပြဿနာမရှိဘူးဆိုပြီး အဲဒီလိုပဲ သဘောတူလိုက်ရတာပါ။ ယဉ်ကျေးမှုပွဲက ကြီးကြီးမားမားသာ မဖြစ်တာ။ မြစ်ကြီးနားမှာ၊ နန်းယွန်းမှာလည်း လုပ်ပါတယ်။ နှစ်နေရာ ခွဲလုပ်တဲ့အတွက်လည်း ပြဿနာမရှိပါဘူး” ဟု နာဂဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောကြားသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရာ ခန္တီးမြို့သို့ လေယာဉ်ဖြင့်လည်းကောင်း၊ မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း နှစ်ညအိပ် သုံးရက်ဆန်တက်၍လည်းကောင်း သွားရောက်နိုင်ပြီး ခန္တီးမြို့တစ်ဖက်ကမ်း ဆင်သေကျေးရွာမှတစ်ဆင့် လဟယ်မြို့သို့ ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း သွားရောက်နိုင်သည်ဟု သိရသည်။

ခုလိုအားပေးတဲ့အတွ​က် အထူး​ကျေး​ဇူးတင်ပါ​တ​ယ်... လို​အပ်တာများ​ရှိ​ပါ​က..travelagency.kyz@gmail.com နဲ့ C-Box မှာြေ​ပာ​ခဲ့ြ​က​နိုင်ပါ​တ​ယ်...{ ဒီ​မှာ }သွားလိုက်ပါ

No comments:

Post a Comment

Popular Posts