ဒီခေါင်းစဉ်ကို ဘာကြောင့် တတ်ရသလဲဆိုတော့ ယခု ကျွန်တော် တင်ပြပေးမယ့် Software တွေက ကျွန်တော်ကိုယ်တိုင်လည် အသုံးပြုနေသလို စက်တစ်လုံး Windows တင်တိုင်းလည်း ကျွန်တော် မဖြစ်မနေ ထည့်ပေးနေကြ Software တွေပါ။ အားလုံးအတွက်လည်း အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
SUPERCOPIER
သိပ်ကောင်းတဲ့ Copier လေးပါ .. 1GB လောက်ရှိတဲ့ဖိုင်ဆိုဒ်ကို ကူးသွားလိုက်တာ ခဏလေးပဲကြာတယ် .. သုံးကြည့် .. ယုံသွားမယ်။SUPERCOPIER
SUPERCOPIER ဒေါင်းယူရန်
CCLEANER
ဒါကတော့ Cookies, Browser History တွေ၊ registry error တွေ၊ Temp ဖိုင်တွေ ရှင်းတဲ့နေရာမှာ အလွန်အသုံးဝင်လှတဲ့ Software လေးပါ။
CCleaner ဒေါင်းယူရန်
WINRAR
.rar, .zip ဖိုင်တွေ ဖြည်တဲ့နေရာ မရှိမဖြစ်ဟာလေးပါ။ သူလည်း စက်တစ်လုံးအတွက် မရှိမဖြစ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်း ဖိုင်တွေ rar အနေနဲ့ တင်လာကြတာကို အတွေ့ရများပါတယ်။
WinRAR ဒေါင်းယူရန်
USB DISK SECURITY
USB Stick အသုံးများသူတွေအတွက် အလွန်အသုံးဝင်လှပါတယ်။ နောက်ပိုင်း လူတိုင်းနီးပါး USB Stick ကို သုံးလာကြတာကို တွေ့ရပါတယ်။ ဒါကြောင့် မမြင်နိုင်တဲ့ Virus, Malware, Trojan တွေကို ကာကွယ်ပေးမယ့် USB Security လေးတစ်ခုပါ။ အသုံးဝင်လှပါတယ်။
USB Disk Security ဒေါင်းယူရန်
MSE (Microsoft Security Essentials)
Anti Virus Software တွေထဲမှာ Free လည်း ရနိုင်တဲ့ အလွန်လည်း ထိရောက်လှတဲ့ Microsoft Security Essentials ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတာ အကောင်းဆုံးမဟုတ်ပေမယ့် အသုံးဝင်ပြီး ထိရောက်တဲ့ ဆောင်ထားသင့်တဲ့ Software တစ်ခုပါ။
MSE အားဒေါင်းယူရန်
MYANMAR FONTS(Unicode, Zawgyi, Others)
စက်တစ်လုံးအတွက် မရှိမဖြစ်ကတော့ Alpha Zawgyi နဲ့ Unicode ပါ။ နောက်ပိုင်း Website တွေ တော်တော်များဟာ ဇော်ဂျီနဲ့ကော Unicode ပါ တွေ့ရတတ်ပါတယ်။ အခြား အသုံးဝင်လှတဲ့ Win, King, Matrix စသည့် ဖောင့်တွေလည်း လိုအပ်သလို အသုံးချနိုင်အောင် တင်ပေးလိုက်ပါတယ်။
ဇော်ဂျီဖောင့် ဒေါင်းရန်
မြန်မာ Unicode ဖောင့် ဒေါင်းရန်
အခြား ဖောင့်များဒေါင်းယူရန်
IDM (Internet Download Manager)
သူကတော့ အင်တာနက် သုံးသူများရဲ့ မရှိမဖြစ် Download ဆွဲတဲ့နေရာမှာ အထောက်အကူပြုပေးတဲ့ နာမည်ကြီး IDM (Internet Download Manager) လေးပါ။ နောက်ဆုံး Version 6.18 ကို တင်ပေးထားပါတယ်။ Serial, Patch မလိုဘဲ Activate လုပ်ပြီးသားဖြစ်ပါတယ်။
IDM Version 6.18 ဒေါင်းယူရန်
ကျန်တဲ့အသုံးဝင်လှတဲ့ Software များကို အပိုင်း(၂) အနေနဲ့ တင်ပေးပါ့မယ်။ အားလုံး အဆင်ပြေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံးအဆင်ပြေစွာ အသုံးပြုနိုင်ကြပါစေ
မောင်မင်းသိန်း(ရန်ကုန်)
No comments:
Post a Comment