မင်္ဂလာပါ TRAVEL AGENCY.MM မှကြိုဆိုပါတယ် နည်းပညာ၊ ဗဟုသုတ၊ ခရီးလမ်းညွှန်၊ ရသ၊ စာပေ အထွေထွေတို့ကို မျှဝေပေးလျှက်ပါ..... travelagency.kyz@gmail.com သို့စာမူပို့ပေးနိုင်ပါတယ်

Monday, 18 November 2019

မလေးကို အလုပ်လုပ်ဖို့ လာချင်တဲ့ သူဖြစ်ဖြစ် ရောက်နေပြီးတဲ့သူတွေဖြစ်ဖြစ် သိကို သိထားသင့်တဲ့ အရေးကြီး အချက်ပါ။


No photo description available.
မလေးကို အလုပ်လုပ်ဖို့ လာချင်တဲ့ သူဖြစ်ဖြစ် ရောက်နေပြီးတဲ့သူတွေဖြစ်ဖြစ် သိကို သိထားသင့်တဲ့ အရေးကြီး အချက်ပါ။

မလေးရောက် မြန်မာ group တွေမှာ တွေ့ရများတဲ့ ပါမစ်မကျတာ၊ ပါမစ်လျှောက်ချင်တာ၊ ပွဲစားလိမ်ခံရတာ၊ စိတ်ချရလား၊ အလုပ်ပြောင်းလို့ရလား စတဲ့ မေးခွန်းနဲ့ပြဿနာအများစုအတွက် ဖြေရှင်းချက်ရသွားပါမယ်။
အခုဆို ဝမ်းသာစရာ တရားဝင် ပါမစ်နဲ့ ခေါ်တာတွေ အများအပြား ပြန်ရှိနေပြီဆိုတော့… ပါမစ်ကိစ္စဟာ ပိုသိထားသင့်ပါပြီ။
မသိထားတော့ ဘာဖြစ်လဲဆိုတော့… 🤔
ရေခြားမြေခြားမှာ စိန်ခေါ်မှုက များရတဲ့ကြားထဲ စိတ်ညစ်စရာတွေ ထပ်တိုးတာမျိုး ကြုံရနိုင်ပါတယ်။😢😵
ဘယ်နေရာမှာမဆို အဆိုးအကောင်းရှိတော့၊ ကံအကြောင်းမလှ ပွဲစားဆိုးနဲ့တိုးပြီး သူပြောသမျှ ယုံ အလိမ်ခံရဖို့များတာပေါ့။ ငွေဆုံး၊ အချိန်ဆုံး အရှုံးများလှပေါ့။ 😤😟😞

ဒီအချက်တွေကို သိထားရင်…ကိုယ် ချိတ်ဆက်ထားတဲ့ အေဂျင်စီက စနစ်ကျ စိတ်ချရရဲ့လား၊ တစ်ဖက်က အလုပ်ရှင်က အမှန်တကယ် စိတ်ချရရဲ့လား ချက်နဲ့ ကျနဲ့ မေးနိုင် ထောက်နိုင်မယ်။📋
အေဂျင်စီတွေ အကြား ဈေးနှုန်းနဲ့ ဝန်ဆောင်ခတွေကို ယှဉ်တွက်နိုင်မယ်။ စိတ်ချရပြီး ဈေးနှုန်းသင့်တဲ့ ဝန်ဆောင်မှုမျိုးကို ရွေးချယ်နိုင်မယ်။ 💵
ပွဲစား ပြောတိုင်းယုံ ခေါင်းငြိမ့် မဟုတ်ဘဲ အချက်အလက်နဲ့ ပြန်မေးစုံစမ်းနိုင်မယ်။ 💡
အချက်အလက် သိတဲ့ အပေါ် အလုပ်ရှင်ကို ကူနိုင်မယ်၊ အလုပ်ရှင်ရဲ့ အထိုက်အလျောက် လေးစားမှုကို ရနိုင်ပါမယ်။ အခြား ကောင်းကျိုး များစွာ ရှိပါမယ်။ 
🔶 မလေးမှာ အလုပ်ပါမစ်လျှောက်မယ်ဆို…
🔷 လိုအပ်ချက်တွေကတော့…
ရွှေ့ပြောင်း (နိုင်ငံခြားသား) အလုပ်သမားတွေကို လုပ်ခွင့်ပြုထားတဲ့ လုပ်ငန်းကဏ္ဍ ၅ ခုရှိပါတယ်။
ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေပါ။ 🏭🏗👩‍🌾👨‍🌾👩‍🍳👨‍🍳👷‍♀️👷
နိုင်ငံခြားသား အလုပ်သမားခန့်ချင်တဲ့ အလုပ်ရှင်နဲ့ကုမ္ပဏီတွေက မလေး ပြည်တဲရေးဝန်ကြီးဌာနမှ နိုင်ငံခြားသားအလုပ်သမားခန့်အပ်နိုင်တဲ့ ကိုတာ(အရေအတွက်) ကို တောင်းခံရပါတယ်။
နိုင်ငံခြားသား အလုပ်သမားဟာ လျှောက်ထားချိန်မှ ၁၈နှစ်အောက် မဖြစ်ရ၊ ၄၅နှစ်ထက် မကျော်ရပါ။ 1️⃣8️⃣ 4️⃣5️⃣
ထောက်ခံချက် ၂ခုရယူရပါတယ်။ ၂ခုစလုံး အလုပ်သမားရဲ့ နိုင်ငံဖက်က ရယူရတာပါ။
Immigration Security Clearance (ISC) ခေါ်ပါတယ်၊ လူဝင်မှုကြီးကြပ်ရေး လုံခြုံရေးစတာတွေနဲ့ပတ်သက်လို့ ကင်းရှင်းကြောင်းပေါ့။ 👮👮‍♀️
နောက်တစ်ခုက အသိအမှတ်ပြုထားတဲ့ ဆေးခန်း ဆေးရုံတွေကနေ ကျန်းမာကြောင်း ဆေးစစ်ချက် ထောက်ခံစာပါ။ ကိုယ်တွေ နိုင်ငံအတွက်ဆို ရန်ကုန်က မိုးသီး၊ ကုန်းဘောင်အထူးကုနဲ့ မြမင်းသရဖူတို့ပါ။ 👨‍⚕️👩‍⚕️
မြန်မာတွေအတွက်တော့ ကဏ္ဍ၅ခုစလုံးမှာ ကျားရော မရော အလုပ်လုပ်ခွင့်ပေးထားပါတယ်။🚹🚺 အချို့နိုင်ငံတွေကိုတော့ ကျားမခွဲခြား ကန့်သတ်ထားတာ ရှိပါတယ်။
🔶 လျှောက်ထားရမှာ ၂ဆင့်ရှိပါမယ်။
🛫 မရောက်ခင်
အလုပ်ရှင်ဆီမှာ အပေါ်မှာပြောထားတဲ့ အလုပ်သမားရဲ့ (ISC) လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကင်းရှင်းကြောင်း အဖြေ ရထားရပါမယ်။
ပြီးရင် အလုပ်ရှင်က အလုပ်သမားကို မခန့်အပ်ခင် မလေးလူဝင်မှုကြီးကြပ်ရေးဌာနမှာ Visa with Reference (VDR) approval လို့ခေါ်တဲ့ ဗီဇာခွင့်ပြုချက် တောင်းခံရပါတယ်။
🔸 VDR လျှောက်ထားရာမှာ
VDR လျှောက်လွှာ📄
နိုင်ငံခြားသား ခန့်အပ်နိုင်တဲ့ ကိုတာခွင့်ပြုချက်
အခွန် ပြေစာမူရင်း📃
IM 12 နဲ့ 38 ပုံစံများ📄
လုံခြုံရေးဆိုင်ရာ ဘွန်းထိုးထားတာတွေ (ဥပမာ - အာမခံ၊ ဒီပိုစစ်ငွေ၊ ဘဏ်ဆိုင်ရာအထောက်အထား စတာတွေပါ)
ခန့်အပ်မယ့် နိုင်ငံခြားသား အလုပ်သမားရဲ့ ပတ်စ်ပို့ မိတ္တူ
သူရဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံ (ပုံသစ်ဖြစ်ဖို့ လိုပါတယ်)
အလုပ်သမားရဲ့ သူ့နိုင်ငံတွင်း ဆေးစာထောက်ခံချက် ( ၃လအတွင်း ဖြစ်ရန် လိုပါတယ်)
နိုင်ငံခြားသား အလုပ်သမား အာမခံ
နိုင်ငံခြားသား အလုပ်သမား ကျန်းမာရေးဆိုင်ရာ အာမခံ မူဝါဒ (စိုက်ပျိုးရေးခြံ ကဏ္ဍအတွက်တော့ မလိုအပ်ပါ)
အဲ့ဒါတွေ စုံလင်အောင်ပါဖို့လိုပါမယ်။ 💯
ဒီအပိုင်းဟာ သူဌေးလုပ်တဲ့သူ အပိုင်းမို့ ကိုယ့်ဖက်က လိုအပ်တဲ့ ဓာတ်ပုံနဲ့ စာရွက်စာတမ်းအထောက်အထားတွေ မျှဝေပေးရင် ရပါပြီ။
VDR ကျမလာသေးခင် အလုပ်သမားဟာ သူ့နိုင်ငံအတွင်းမှာပဲ ရှိရပါမယ်။
အရှေ့မလေးရှားမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက်တော့ ပြည်နယ်အစိုးရတွေမှာ သက်ဆိုင်ရာ စည်းမျဉ်းနဲ့ စနစ်တွေ ရှိပါမယ်။
🛬 အဆင့် ၂ကတော့ အလုပ်သမားရောက်လာအပြီးပေါ့…
နိုင်ငံခြားသား အလုပ်သမားဟာ သတ်မှတ်ထားတဲ့ နေရာတွေကပဲ VDR နဲ့ မလေးနိုင်ငံတွင်း ဝင်ရပါမယ်။ (အပေါ်လမ်းကပဲပေါ့)
၂၄နာရီအတွင်း သတ်မှတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေး ပွိုင့်တွေမှာ စစ်ဆေးခံဖြတ်ကျော်ရပါမယ်။ (အင်မီးဂရေးရှင်းမဖြတ်ဘဲ ၂၄နာရီ ကျော် နေလို့ မရဘူးဆိုတဲ့ သဘောပါ။)
ရောက်လာရင် VDR နဲ့ ဝင်တာဖြစ်ပြီး ရက် ၃ဝအတွင်း FOMEMA ခေါ် မလေးရှားအစိုးရ အသိအမှတ်ပြု ဆေးခန်းဆေးရုံတွေမှာ ဆေးထပ်စစ်ရပါမယ်။👨‍⚕️👩‍⚕️
အဲ့ဒီ ဆေးစစ်အောင်မှသာ VP (TE) အလည် (ယာယီအလုပ်လုပ်ခွင့်) ပတ်စ်ကို ထုတ်ပေးပါမယ်။👌 (အဲ့ဒီ့မှာ ဆေးကျရင် အလုပ်ရှင်က အလုပ်သမားကို ပြန်ပို့ရေး ဆောင်ရွက်ရပါတယ်။ အလုပ်သမားရော အလုပ်ရှင်ရော အလုပ်ရှုပ် ဒုက္ခများရတဲ့ အခြေအနေပါ။👎 ဒါကြောင့် နောက်ပိုင်း တရားဝင်ခေါ်အလုပ်တွေမှာ ဆေးမင်ကြောင်ပါ မရဆိုပြီး ကြေငြာနေတာဖြစ်နိုင်ပါတယ်။)
 အချက်အလက်တွေအရ ဆေးစစ်ခံသူ အလုပ်သမားတွေရဲ့ ထက်ဝက်ကျော်လောက် ဆေးကျလေ့ ရှိကြောင်း မှတ်သားမိပါတယ်။ (နောက်ရက်ကျမှ FOMEMA နဲ့ပတ်သက်ပြီး ကိုယ့်လူတွေ သိထားသင့်တဲ့ ဘယ်ရောဂါတွေဆိုရင်တော့ ဆေးတန်းကျလဲ၊ ဘယ်ဟာဆို အသနားခံလို့ရမလဲ စတာတွေ တင်ပေးပါဦးမယ်)
ယာယီအလုပ်လုပ်ခွင့် ပတ်စ်ဟာ တစ်နှစ်ကာလဖြစ်ပါတယ်။ သက်တမ်းမကုန်ခင် ၃ လလိုရင် အလုပ်ရှင်က တစ်ဆင့် သက်တမ်းတိုးနိုင်ပါတယ်။
 သက်တမ်းမကုန်ခင် တိုးရပါမယ်၊ မဟုတ်ရင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခံရနိုင်ပါတယ်။🚓🚨
🔷 သက်တမ်းတိုးရာမှာ
အလုပ်သမားရဲ့ အနည်းဆုံး ၁နှစ် သက်တမ်းကျန် ပတ်စ်ပို့
သက်တမ်းတိုး လျှောက်လွှာ📄
အလုပ်သမားရဲ့ ဘယ်သူဘယ်ဝါ အထောက်အထား နဲ့ ကုမ္ပဏီရဲ့ ကိုယ်စားပြု စာရွက်စာတမ်း📋
အပေါ်မှာ ပြောခဲ့တဲ့ ဘွန်းအထောက်အထားတွေ၊ အာမခံပေါ်လစီ စတာတွေ
ပြီးတော့ ဆေးတခါ ပြန်စစ် ဆေးအောင်ရပါမယ်။ (၂နှစ်မြောက်နဲ့ ၃နှစ်မြောက်သက်တမ်းတိုးတွေမှာပဲ စစ်ဖို့လိုပါမယ်။)👩‍⚕️👨‍⚕️
🔶 အလုပ်လုပ်ကိုင်ခွင့်သက်တမ်း
နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမားတစ်ဦးဟာ နှစ်စဉ် သက်တမ်းတိုးနဲ့ အများဆုံး ၁ဝနှစ်ထိ လုပ်ခွင့်ရှိပါတယ်။ ကိုယ့်လူတွေတစ်ခုသတိထားရမှာက 6P ပရိုဂမ်ဆိုတာ ရှိပြီး အဲ့ဒီအောက်ကနေဆို အများဆုံး ၃ နှစ်သာ လုပ်ခွင့်ရှိပါမယ်။1️⃣0️⃣ 3️⃣
သတ်မှတ် အများဆုံး သက်တမ်းပြည့်သွားရင် အလုပ်သမားကို အလုပ်ရှင်က Check out memo ခေါ်တဲ့ စနစ်နဲ့ စနစ်တကျ ပြန်လွှတ်ရပါမယ်။ 
💰 ယာယီအလုပ်လုပ်ခွင့်ပတ်စ်သက်တမ်းတိုးရာမှ ကုန်ကျစရိတ်
အခွန်- ထုတ်ကုန်/ ဆောက်လုပ်ရေး/ဝန်ဆောင်ရေး ကဏ္ဍ (1850RM) စိုက်ပျိုး မွေးမြူရေးကဏ္ဍ (640RM) (အရှေ့မလေးရှားမှာဆို ဈေးအနည်းငယ်သက်သာပါမယ်)
ယာယီအလုပ်လုပ်ခွင့်ပတ်စ်သက်တမ်းတိုး (60RM)
Process ဆောင်ရွက်စဉ်ကုန်ကျမှု (125RM)
မြန်မာအတွက် ဗီဇာကြေး (19.50RM)နဲ့ လုံခြုံရေး ဘွန်းကြေး (750RM)
(ဒါဆို ဌာနာဆိုင်ရာကို တကယ်ပေးသွင်းရတဲ့ ငွေ ပမာဏကို တွက်ကြည့်နိုင်ပါပြီ၊ သတိပြုရမှာက ဒီနေရာ ဆေးစစ်ဖို့တွင် FOMEMA ပေးသွင်းငွေ မပါပါ။)
🛑 ယာယီလုပ်ကိုင်ခွင့် ပါမစ်ကတ် ရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရမယ့် အချက်များမှာ
မိသားစုဝင် ခေါ်ခွင့်မရှိ။👩‍👦👨‍👧
Frontlinerခေါ် ဖောက်သည်များ ဈေးဝယ်သူများနဲ့ ဦးစွာထိတွေ့ရတဲ့ လုပ်ငန်းတာဝန်မျိုး လုပ်ခွင့် မရှိ (ဥပမာ customer service ဝန်ဆောင်မှုမျိုး) 👩‍💼👨‍💼
အလုပ်ရှင်ပြောင်းခွင့် မရှိ၊ လုပ်ငန်းကဏ္ဍပြောင်းခွင့်မရှိ။ 
အိမ်ထောင်ပြုခွင့် မရှိ (နိုင်ငံသားနဲ့ဖြစ်စေ၊ နိုင်ငံခြားသားချင်းဖြစ်စေ)👰🤵
မလေးရောက် ညီအစ်ကိုမောင်နှမများ အားလုံး နေထိုင်ခွင့် ပါမစ် အလုပ်အကိုင် ကျန်းမာရေး အစစအရာရာ အဆင်ပြေပြီး အောင်မြင်ပျော်ရွှင်နိုင်ကြပါစေ။🙏
👍 MyanmarMartKL မှကူးယူဖေါ်ပြသည်။
ကိုးကား - မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန
ညီအစ်ကိုမောင်နှမတို့ နောက်လိုအပ်ရင် ပြန်ကြည့်လို့ရအောင် save ထားပါ၊ အခြား မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်လည်း Share  လေးတစ်ချက်ပါပဲ၊ နှိပ်သွားပေးပါဦးနော်။🙏🙏🙏

ခုလိုအားပေးတဲ့အတွ​က် အထူး​ကျေး​ဇူးတင်ပါ​တ​ယ်... လို​အပ်တာများ​ရှိ​ပါ​က..travelagency.kyz@gmail.com နဲ့ C-Box မှာြေ​ပာ​ခဲ့ြ​က​နိုင်ပါ​တ​ယ်...{ ဒီ​မှာ }သွားလိုက်ပါ

No comments:

Post a Comment

Popular Posts