WELCOME TO TRAVEL AGENCY.MM..... :)

မင်္ဂလာပါ TRAVEL AGENCY.MM မှကြိုဆိုပါတယ် နည်းပညာ၊ ဗဟုသုတ၊ ခရီးလမ်းညွှန်၊ ရသ၊ စာပေ အထွေထွေတို့ကို မျှဝေပေးလျှက်ပါ..... travelagency.kyz@gmail.com သို့စာမူပို့ပေးနိုင်ပါတယ်

Friday, 25 October 2019

Chat Box မဟုတ်သော Chatbot (သို့မဟုတ်) Chat+robot


နည်းပညာများတစ်နေ့ထက်တစ်နေ့တိုးတက် မြင့်မားလာသည်နှင့်အညီ လူမှုကွန်ရက်များ တစ်ဖြည်းဖြည်းကျယ်ပြန့်လာခဲ့သည်။
မိမိလိုအပ်ချက်များ၊သိချင်သည့်အကြောင်းအရာများကို data switchလေးဖွင့်ပြီး တစ်ခဏအတွင်း ရှာဖွေနိုင်ပါသည်။
ဥပမာ။online shop တစ်ခုမှပစ္စည်းတစ်ခုခုစိတ်၀င်စားပါက ယင်းpage၏ Chatbot တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်၊လိပ်စာ နှင့် မိမိသိလိုသောပစ္စည်းဈေးနှုန်းတို့ကို အချိန်ကုန်မခံပဲ အလျင်အမြန်သိရှိနိုင်ပါသည်။
What is Chatbot? (Chatbot ဆိုတာ ဘာလဲ)

Chatbolt ဆိုတာ လူအစားထိုး အလိုအလျောက်ဖြေကြားပေးနိုင်သော ကွန်ပြူတာပရိုဂရမ်တစ်ခုဖြစ်သည်။ Chatbot ကိုtalkbot, chatterbot, bot ဟုအမျိုးမျိုးခေါ်ဆိုကြသည်။ပုံမှန်အားဖြင့် ထည့်သွင်းထားသော keyword များ codeများချိတ်ဆက်ပြီး chatbot သည်တစ်ဖက်မှပေးပို့လာသောစာကိုမှတ်ယူ၍ ဆီလျော်မှန်ကန်သော အဖြေကို ချက်ချင်းreply ပြန်လုပ်ပေးခြင်းဖြစ်သည်။Messenger Chatbot ကို၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် Facebook မှတရား၀င်စတင်မိတ်ဆက်ခဲ့သည်။အစပိုင်းတွင်ချိတ်ဆက်ကုမ္ပဏီများဖြစ်သည့် Sim Sim နှင့် CNN အစရှိသော media platform များတွင်သာ သုံးနိုင်သော်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် Business pageတော်တော်များများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီဖြစ်သည်။
Image Source: https://www.linkedin.com
မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြုနေပြီဖြစ်သော်လည်းမကျယ်ပြန့်သေးပေ။ Chatbot ကိုသိလား မေးလျှင် ၁၀ ယောက်တွင် ၅ယောက်က messenger chatbox ဟုသာထင်မှတ်ကြသည်။
လက်ရှိမြန်မာနိုင်ငံတွင်
*Samsung Myanmar
*ထီတိုက်မယ်
*ဒိုးစို့
*ဘာစီးမလဲ စသည့် Facebook pageတို့သည် Chatbot ကို အသုံးပြုပြီးမေးမြန်းသမျှကို အချိန်တိုအတွင်း ဖြေကြားပေးနိုင်သည်။
ထီတိုက်မယ်ဆိုသော chatbot တွင် မိမိတိုက်ချင်သောထီလက်မှတ်၏ အကြိမ်မြောက်၊အက္ခရာနှင့်အမှတ်စဉ်ကိုရေးပေးပါက ပေါက်/မပေါက်ကို ဖြေကြားပေးသည်။အကြိမ်မြောက်တစ်ခုတည်းသာရေးပေးလိုက်ပါက အဆိုပါအကြိမ်မြောက်အတွက် ထီပေါက်စဉ်ကို ဓာတ်ပုံအဖြစ် ပြန်လည်ဖြေကြားနိုင်အောင် ဖန်တီးလုပ်ဆောင်ထားပါသည်။
  
ဒိုးစို့chatbotဆိုလျင် မိမိစီးချင်သော ဘတ်စ်ကားနံပါတ်ကိုရေးပေးလိုက်ပါက အလိုအလျောက် ကျသင့်ငွေ၊မှတ်တိုင်များ နှင့် မြေပုံကို ချက်ချင်းပင် ပြန်လည်ဖြေကြားပေးသည်။ကားနံပါတ်မသိပါက မိမိသွားချင်သော မှတ််တိုင်ရေးပေးလိုက်လျင်လည်း ရောက်ရှိမည့် ဘတ်စ်ကားများကိုဖြေကြားပေးလိမ့်မည်။ အဆိုပါလုပ်ဆောင်ချက်တို့သည် တစ်စုံတစ်ဦးတစ်ယောက်ကိုယ်တိုင်ဖြေကြားခြင်းမဟုတ်ပဲ ထည့်သွင်းထားသော chatbot မှ ဖြေကြားခြင်းသာဖြစ်သည်။
  
Chatbot ကို Business Facebook Pageများတွင် အဓိကထား အသုံးပြုနိုင်သည်။
Customer Service
Mobile & IT Shops
Travel & Toul
Online Shops
Hotel & Restraints စသည်တို့တွင် Chatbot တစ်ခုဖန်တီးထားပြီး မိမိ customer များမေးသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်း၊ မိမိကုန်ပစ္စည်း၏promotionများ၊discountများကို customerများထံသို့ပို့ဆောင်ပေးခြင်းတို့ကိုလုပ်ဆောင်နိုင်ပါသည်။
ယနေ့တွင် web developer များငှားနေစရာမလိုအပ်လောက်အောင် အလွယ်တကူဖန်တီးလို့ရသော websiteများရှိနေပြီဖြစ်သည်။YouTube ရှိvideoများကိုကြည့်ရှုပြီး မိမိဘာသာ စမ်းသပ်လေ့လာနိုင်ပြီဖြစ်သည်။
https://www.chatfuel.com
https://mobilemonkey.comအစရှိသော website များတွင်စမ်းသပ်ဖန်တီးနိုင်သည်။
Chatbot အသုံးပြုခြင်းဖြင့် သင့်၏စီးပွားရေးချဲ့ထွင်နိုင်ခြင်း၊ customerမှမေးလာသမျှကို အချိန်အတိုအတွင်းဖြေကြားပေးနိုင်သောအတွက်ကြောင့် သင်၏pageလူသိပိုများလာခြင်းစသော ကောင်းကျိုးများစွာအပြင် “ဘာမေးခွန်းတွေအများဆုံး” မေးသလဲဆိုတာကြည့်နိုင်သောကြောင့် customerများ၏ လိုအပ်ချက်များကိုပါ တစ်ဆက်တည်း သိရှိနိုင်သည်။
ခုလိုအားပေးတဲ့အတွ​က် အထူး​ကျေး​ဇူးတင်ပါ​တ​ယ်... လို​အပ်တာများ​ရှိ​ပါ​က..travelagency.kyz@gmail.com နဲ့ C-Box မှာြေ​ပာ​ခဲ့ြ​က​နိုင်ပါ​တ​ယ်...{ ဒီ​မှာ }သွားလိုက်ပါ

No comments:

Post a Comment

Popular Posts