ဝင်းဒိုးကို AOMEI ဖြင့် Backup & Restore လုပ်နည်းပါ။
(AOMEI Backupper အသုံးပြုနည်း)
read more
Backup မလုပ်မှီ လုပ်ဆောင်သင့်သော အချက်များ
မိမိ အမြဲတမ်းသုံးလေ့ရှိသော Software များ
အားလုံးစုံအောင်သွင်းထားပါ။
Phone Services ဆရာများ ဖြစ်လျှင်
Driver များအားလုံးအဆင်ပြေအောင်
လုပ်ထားပါ။ Software Setting, PC Setting အစရှိသည်တို့ကို
မိမိအသုံးပြုလေ့ရှိသော ပုံစံများပြောင်းလဲထားပါ။
အကောင်းဆုံးကတော့
3/4 ရက်ပုံမှန်အတိုင်းအသုံးပြုပြီး မိမိနဲ့ အသားအကျဆုံး အနေအထား ဖြစ်အောင်လုပ်ပါ။
စိတ်တိုင်းကြပြင်ဆင်ပြီးပြီဆိုလျင် PC ဖြင့် Download ဆွဲထားသော Data များ
မလိုအပ်သော (C:)ထဲမှ Data များအားလုံးကို Delete လုပ်ထားပါ။ (Backup File Size သေးအောင်)
Backup လုပ်ခြင်းပြီးပါပြီ။
Restore ပြန်လုပ်ခြင်း
Enable Universal Restore ဆိုတာ ဘယ်အချိန်မှာသုံးလဲ ပြောရပါမယ်။
လက်ရှိရွေးခြယ်ထားတဲ့ Backup ဖိုင်ဟာ ဘယ် PC or Laptop ကယူထားသလဲ။
ဆိုကြပါစို့ စက် A ကယူထားတဲ့ Backup ဖိုင်ကို စက် A မှာပဲ Restore လုပ်မယ်ဆိုတဲ့
အနေ အထားမျိုးမှာ (Mother Board တူတာကို အဓိကပြောချင်တာပါ။) Enable Universal Restore ကို အမှန်ခြစ်ထားစရာမလိုပါဘူး။
အမှန်ခြစ်မိခဲ့ရင် Mother Board Driver တွေ Graphic
Driver တွေပြန် Install လုပ်ပေးရပါလိမ့်မယ်။
စက် A ယူထားတဲ့ Backup ဖိုင်ကို စက် B မှာ
Restore လုပ်မယ်ဆိုရင် မဖြစ်မနေ
Enable Universal Restore ကို အမှန်ခြစ်ထားရပါမယ်။
(Mother Board မတူတာကို အဓိကပြောချင်တာပါ။)
အမှန်မခြစ်ခဲ့မိရင် Windows တက်လာမှာ မဟုတ်တော့ပါ။ (Chipset Series အမျိုးအစားတူရင်တော့တက်ပါလိမ့်မည်။)
Downoad
No comments:
Post a Comment