မင်္ဂလာပါ TRAVEL AGENCY.MM မှကြိုဆိုပါတယ် နည်းပညာ၊ ဗဟုသုတ၊ ခရီးလမ်းညွှန်၊ ရသ၊ စာပေ အထွေထွေတို့ကို မျှဝေပေးလျှက်ပါ..... travelagency.kyz@gmail.com သို့စာမူပို့ပေးနိုင်ပါတယ်

Tuesday, 28 January 2020

ပြည်ပမှာ နေတဲ့ သူတွေ အတွက် မိသားစုနဲ့ ဖုန်းပြောဖို့ အဆင်ပြေမယ့် App လေးပါ


#ပြည်ပမှာ နေတဲ့ သူတွေ အတွက်
မိသားစုနဲ့ ဖုန်းပြောဖို့ အဆင်ပြေမယ့် App လေးပါ
#မသိတာ ရှိရင် မေးပါနော်
မြန်မာနိုင်ငံက မိသားစုဆီကို သင့်ရဲ့ ဖုန်းနံပါတ်ကို အသိပေးလိုက်ပါ!
ပြည်ပမှာ ရှိနေတဲ့ သင်က mmTT App ကို Download ဆွဲပြီး MPT ဖုန်းနံပါတ်ကို လက်ခံရယူပြီးတဲ့ အခါမှာတော့ ပြည်ပမှာ ရှိနေတဲ့ သင်ဟာ မြန်မာနိုင်ငံမှာပဲရှိနေသလိုမျိုး မိသားစု၊ အသိမိတ်ဆွေတွေထံကို ဆက်သွယ်လို့ရမှာပဲဖြစ်ပါတယ်။
👉 Playstore ကနေ "mmTT" လို့ ရိုက်ရှာပြီး Download ဆွဲနိုင်သလို အောက်ပါ လင့်ခ်ကနေလည်း Download ဆွဲနိုင်ပါတယ်

👉 Sign Up ပြုလုပ်တဲ့ နည်းလမ်းကိုတော့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/470228753350313/videos/534679063571948/
Sign Up (အဖွဲ့ဝင်) လုပ်ပြီးတဲ့ အခါမှာတော့ ၁၀ မိနစ်ခန့် (အခမဲ့) ဖုန်းပြောကြည့်လို့ ရပါတယ်။
👉 MPT ဖုန်းနံပါတ်ရယူတဲ့ နည်းလမ်းကိုတော့ အောက်ပါ လင့်ခ်လေးထဲ ဝင်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/470228753350313/videos/534706313569223/
👉 ဖုန်းခေါ်ဆိုတဲ့ နည်းလမ်း
https://m.facebook.com/story.php?story_fbid=489676398072215&id=470228753350313
 mmTT app ကနေ မြန်မာ ဖုန်းနံပါတ်ကို လက်ခံရယူတဲ့အခါမှာ MPT ကိုပဲ ရွေးချယ်လို့ရဦးမှာ ဖြစ်ပြီး MPT ဖုန်းနံပါတ်ကို လက်ခံရယူမှ အပြန်အလှန် ဖုန်းခေါ်ဆိုခြင်း၊ စာပေးပို့ခြင်းများကို ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်၊
(MY ဆိုတဲ့ menu ထဲမှာ မိမိရဲ့ ဖုန်းနံပါတ်ကို စစ်ဆေးနိုင်ပါတယ်)
 ဖုန်းဆက်တဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာ ဖုန်းဆက်သလိုမျိုး (09-0000 00000) ဆက်ရမှာပဲ ဖြစ်ပါတယ်(Country code ကို ထည့်ခေါ်စရာမလိုပါဘူး)
မြန်မာနိုင်ငံက ဘယ်ဖုန်းနံပါတ်ကိုမဆို ဆက်သွယ်လို့ရပါတယ်။
Google inapp, MPU, မြန်မာဘဏ်ထဲကို ငွေသွင်းခြင်း၊ ကိုရီးယား ဘဏ်ထဲကို ငွေသွင်းခြင်း၊ အစရှိတဲ့ နည်းလမ်းတွေနဲ့ ငွေပေးချေနိုင်ပါတယ်။
Debit Card နဲ့လည်း Top up လုပ်နိုင်ပါတယ်။
 ဖုန်းခေါ်ဆိုခ နှုန်းထား
10 usd = 1,000 Credit
 ပြည်ပကနေ မြန်မာကို ဖုန်းခေါ်တဲ့အခါ
-အထွက်ဖုန်း ခေါ်ဆိုမှု - 2 Credit/ 12 စက္ကန့်
-အဝင်ဖုန်း လက်ခံမှု - 1 Credit/ 20 စက္ကန့်
-အထွက် စာပေးပို့မှု - 3 Credit
-အဝင် စာလက်ခံမှု - အခမဲ့
 MPT ဖုန်းနံပါတ် အသုံးပြုခ - တစ်ပတ်ကို 100 Credit
 ဖုန်းနံပါတ်ကို အလိုအလျောက် သက်တမ်းတိုးခြင်းကို ပြုလုပ်ထားပါက တစ်ပတ်ကို 50 Credit သာ ကျသင့်ပါမယ်)
ဖုန်းနံပါတ်ကို သက်တမ်းတိုးတာပဲ ဖြစ်ဖြစ်၊ သက်တမ်းကုန်သွားလို့ မိမိလိုအပ်တဲ့အချိန်မှ ထပ်ဝယ်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပါက အပတ်တိုင်း သက်မှတ်ထားတဲ့ ပမာဏရဲ့ (အခမဲ့) ဖုန်းလက်ခံခြင်းနဲ့ (အခမဲ့) စာပေးပို့မှုကို အသုံးပြုနိုင်ပါတယ်
ပြည်ပမှာရှိနေတဲ့ သင်က မြန်မာနိုင်ငံက ခေါ်တဲ့ ဖုန်းကို လက်ခံတဲ့အခါ အရမ်းကို သက်သက်သာသာနဲ့ ဖုန်းပြောနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက မိသားစုတွေကလည်း ပြည်တွင်းဖုန်းခေါ်ဆိုမှု နှုန်းထား (13 ကျပ်~ 24 ကျပ်/ တစ်မိနစ်) အတိုင်း သင့်ဆီကို ဆက်သွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
Copy Crd : Dekola
Admin : Ko Yar Zar

ခုလိုအားပေးတဲ့အတွ​က် အထူး​ကျေး​ဇူးတင်ပါ​တ​ယ်... လို​အပ်တာများ​ရှိ​ပါ​က..travelagency.kyz@gmail.com နဲ့ C-Box မှာြေ​ပာ​ခဲ့ြ​က​နိုင်ပါ​တ​ယ်...{ ဒီ​မှာ }သွားလိုက်ပါ

No comments:

Post a Comment

Popular Posts